ဆုမြို့ပေါ်မှာ အခြားလည်စရာ
မိအဲစီရင်စု အနုပညာပြတိုက်မှာ ခေတ်လက်ရာ ပန်းချီ ပန်းပု အနုပညာလက်ရာတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ မိအဲပြတိုက်မှာတော့ ရှေးဟောင်းပစ္စည်းတွေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြကွက်တွေကိုလည်း ပြသထားပါတယ်။ မိအဲအနုပညာစင်တာမှာ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတွေ ကျင်းပလေ့ရှိပြီး ဒေသထွက် လက်မှုပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်ခန်းလည်း ရှိပါတယ်။ ဆုပင်လယ်ကမ်းခြေကတော့ ရွက်လှေတွေနဲ့ လှေလှော်ရွက်တိုက် လုပ်လို့ကောင်းတဲ့ နေရာဖြစ်ပြီး နွေရာသီရောက်ရင် ရေကူးသူ၊ ခရုကောက်သူတွေနဲ့ စည်ကားပါတယ်။ တစ်နှစ်တစ်ကြိမ် ၇ လပိုင်းမှာ မီးပန်းပွဲတော်ကို ကမ်းခြေပေါ်မှာကျင်းပပြီး ဈေးဆိုင်ပေါင်းများစွာနဲ့ လူစည်ကားလှတဲ့ ပွဲတစ်ခုပါ။ တနိဂဝ ခိုတိုစုဂကတော့ ၁၈ ရာစုမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာပေပညာရှင် သမားတော်ကြီး ဖြစ်ပါတယ်။ သူ့ရဲ့အိမ်ကို ရှေးမူမပျက် ထိန်းသိမ်းထားပြီး ပြတိုက်အဖြစ်ပြုလုပ်ထားပါတယ်။