ဆုမြို့ပွဲတော်
ဆုမြို့ပွဲတော်ကို နှစ်စဉ် ၁၀ လပိုင်းမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၄၀၀ နီးပါးရှိပါပြီ။ ဆုရဲတိုက်ရဲ့ ကျုံးဘေးမှာ ကျင်းပပါတယ်။ လမ်းတလျှောက် အကအဖွဲ့တွေ၊ ဈေးဆိုင်တန်းတွေနဲ့ အရမ်းစည်ကားပါတယ်။
မျက်မှောက်ခေတ် ဆုမြို့ပွဲတော်မှာ အဓိကတွေ့ရမှာကတော့ ယောစကိုအိအကအဖွဲ့တွေပါပဲ။ ယောစကိုအိအကဟာ စစ်ပြီးခေတ်ကစလို့ နာမည်ကျော်လာပါတယ်။ လူပေါင်း ငါးဆယ် တစ်ရာလောက်ပါတဲ့ အဖွဲ့လိုက်ကကြတာဖြစ်ပြီး အဝတ်အစားအပြင်အဆင်နဲ့ သီချင်းတွေက ဆွဲဆောင်မှုရှိပါတယ်။ လက်ထဲမှာ ဂျောက်ဂျက်လို သစ်သားတူရိယာလေးနဲ့ စည်းချက်လိုက်ရင်း သွက်လက်လှုပ်ရှားကခုန်ကြတာ အရမ်းကြည့်ကောင်းပါတယ်။ စင်ပေါ်မှာလည်း ကကြပေမယ့် အဓိကကတော့ လမ်းပေါ်မှာ ကရင်းနဲ့ နေရာရွှေ့သွားကြတာပါ။
ချီတက်ကြတဲ့အထဲမှာ ဆုမြို့ကို ပြန်လည်တည်ထောင်ခဲ့တဲ့ တိုးဒိုး တာကတိုရ အသွင်ဝတ်ဆင်ထားတဲ့သူလည်း ပါပါတယ်။
ဆုမြို့ပွဲတော်ရဲ့ ရှေးရိုးရာအကတွေအနေနဲ့ ဘီလူးမြင်းစီးအကကို တွေ့နိုင်ပါတယ်။
Comments
Post a Comment