ဂေါ်ကိုခု (ပြည်စောင့်)နတ်ကွန်းရဲ့ မီးထွန်းပွဲတော်

‘ဂေါ်ကိုခု’ဆိုတာ တိုင်းပြည်ကိုစောင့်ရှောက်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဂျပန်နိုင်ငံရဲ့ စီရင်စုတိုင်းမှာ တိုင်းပြည်ကိုစောင့်ရှောက်တဲ့ ရှင်တိုနတ်ကွန်း အနည်းဆုံး တစ်ကျောင်းတည်ထားပါတယ်။ မိအဲစီရင်စုရဲ့ ပြည်စောင့်နတ်ကွန်းကတော့ ဆုဘူတာရုံနားမှာရှိပါတယ်။ 

နွေရာသီ (၇)လပိုင်းမှာ ကျင်းပလေ့ရှိတဲ့ မီးထွန်းပွဲတော်ကို သွားရောက်ခဲ့ပါတယ်။ ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ သောင်းချီတဲ့မီးပုံးများထွန်းညှိခြင်းဖြင့် ကွန်လွန်သွားပြီဖြစ်တဲ့ဘိုးဘေးများရဲ့ ဝိဉာဉ်များကို သက်သာရာရစေဖို့ပါ။

မီကိုရှိလို့ခေါ်တဲ့နတ်စင်ကို ကလေးငယ်များထမ်းနေပုံပါ

အရှေ့အာရှစစ်ပွဲကြီးမှာ ကျဆုံးခဲ့ရတဲ့ စစ်သည်အရေအတွက်ကို ပြသထားတဲ့မြေပုံပါ

မြန်မာတစ်နိုင်ငံထဲမှာ တစ်သိန်းကျော်ကျဆုံးခဲ့ပါတယ်

ရှင်တိုရိုးရာဆုတောင်းပွဲပြုလုပ်နေပုံ

ဆုတောင်းပွဲပြီးတာနဲ့ ဖျော်ဖြေရေးလာပါတယ်။ မာဆုစကမြို့က အဆိုတော်တင်ဆက်နေပုံပါ

ပွဲတော်ကိုလာကြည့်တဲ့ ကလေးမလေးရဲ့ ယူကတဝတ်စုံ‌က ထူးခြားနေပါတယ်။ နောက်ကျောမှာ မီးလင်းတဲ့လိပ်ပြာလေးတပ်ထားပါတယ်

နောက်ဆုံးမှာတော့ အိုဘွန်းအကကကြပါတယ်။ စင်ပေါ်မှာကော ပွဲလာတဲ့ပရိသတ်တွေကော...

ဂျပန်ကလေးငယ်များရဲ့လက်ရာ ပန်းချီပုံများကိုလည်း နတ်ကွန်းဝင်းအတွင်းမှာ ပြသထားပါတယ်

မီးပုံးပေါင်းခြောက်ထောင်ခန့်ထွန်းညှိထားတဲ့ ပြည်စောင့်နတ်ကွန်းကို ညမိုးချုပ်မှာ မြင်ရပုံပါ





Comments