မိအဲတက္ကသိုလ်
မိအဲတက္ကသိုလ်ဟာ မိအဲစီရင်စုမှာရှိတဲ့ တစ်ခုတည်းသော နိုင်ငံပိုင်တက္ကသိုလ်ဖြစ်ပြီး ဆုမြို့မှာရှိပါတယ်။ ၁၉၄၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆေး၊ စက်မှု၊ ပညာရေး၊ စီးပွားရေး၊ ဥပဒေ၊ မနုဿဗေဒ၊ လယ်ယာ သားငါး သစ်တော စသည်ဖြင့် ဌာနပေါင်းစုံရှိပါတယ်။ ကမ္ဘာပေါ်မှာ နင်ဂျာနဲ့ပတ်သက်ပြီး မဟာဘွဲ့ပေးတဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။
ဘွဲ့နှင်းသဘင်စတဲ့ အခမ်းအနားတွေကျင်းပတဲ့ စန်းစုအိခန်းမပါ။
သင်ကြားရေးဆေးရုံသစ်ကြီးဖြစ်ပါတယ်။
နှစ်စဉ် ၁၁ လပိုင်းရောက်ရင် ကျောင်းသားပွဲတော်ကျင်းပပါတယ်။
ကျောင်းသားကျောင်းသူတွေရဲ့ အဆိုအကတွေ အမျိုးစုံတွေ့နိုင်ပါတယ်။ ယောစကိုအိ အကကလည်း မပါမဖြစ်ပါ။
ကျောင်းသူကျောင်းသားတွေ ရောင်းတဲ့ မုန့်ဆိုင်တန်းတွေလည်း ရှိပါတယ်။ ညမိုးချုပ်တဲ့အထိ ပွဲက မသိမ်းနိုင်သေးပါဘူး။
Comments
Post a Comment