အီနဘူချိစပါးခင်းများ

ဒီလှေကားထစ်ပုံစံစပါးခင်းတွေဟာ နာရစီရင်စု၊ အစုကကျေးရွာမှာ တည်ရှိပါတယ်။ အရေအတွက် သုံးရာခန့်ရှိပြီး ဂျပန်နိုင်ငံရဲ့ top 100မှာပါဝင်တဲ့ စပါးခင်းတွေပါ။ မြန်မာပြည်က ပျူခေတ်နဲ့ခေတ်ပြိုင်ဖြစ်တဲ့ အစုကခေတ် (အေဒီ၅၉၂-၇၁၀)မှာ အစုကရွာဟာ ဂျပန်နိုင်ငံရဲ့ရှေးအကျဆုံးမြို့တော်ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ လည်ပတ်လေ့လာစရာ ရှေးဟောင်းဒေသတစ်ခုဖြစ်လာပါတယ်။ ကျေးလက်ဒေသအတွေ့အကြုံရရုံသာမက ရှေးအလွန်ကျတဲ့ခေတ်ကာလကို ပြန်လည်ခံစားတူးဖော်လို့ကောင်းတဲ့ နေရာတစ်ခုပါ။


တမျှော်တခေါ်မြင်ရတဲ့ စပါးခင်းများအကြား လမ်းလျှောက်ရတာဟာ အတွေ့အကြုံအသစ်ပါပဲ။ စိမ်းစိုလန်းဆန်းတဲ့ပတ်ဝန်းကျင်မှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း လည်ပတ်ရတာဟာ တစ်ပတ်တာစုပုံလာတဲ့စိတ်ဖိစီးမှုတွေကို ဖြေလျော့စေခဲ့ပါတယ်။




ဟိဂန်းပန်း (Spider Lily)တွေပွင့်တာကို တွေ့ရရင် ဆောင်းဦး‌ရောက်ပြီလို့ဆိုနိုင်ပါတယ်။ ဒီပန်းတွေဟာ ဆောင်းဦးရဲ့အမှတ်သင်္ကေတပါပဲ။ စပါးခင်းတွေကြားစိုက်ပျိုးထားတာဟာ အလှဆင်ဖို့သက်သက်မဟုတ်ဘဲ ကြွက်နဲ့သီးနှံဖျက်ပိုးများကို တားဆီးဖို့လည်း ရည်ရွယ်ပါတယ်။ ဒီပန်းပင်ရဲ့အမြစ်က အဆိပ်ရှိတဲ့အတွက်ဖြစ်ပါတယ်။




လယ်ကွက်တွေတစ်လျှောက် အလှဆင်ထားတဲ့စာခြောက်ရုပ်တွေကို အများအပြားတွေ့ရမှာပါ


Minions စာခြောက်ရုပ်


Hello kitty စာခြောက်ရုပ်


‘အစုကရဲ့လှေကားထစ်လယ်ကွက်များကနေမြင်ရတဲ့ လမင်းကြီးဟာ ကြီးမားလှပလွန်းပါတယ်’လို့ ပြုလုပ်သူက ရေးသားထားပါတယ်။


ဒီနေရာကိုလာရောက်တဲ့ ဂျပန်အမျိုးသားကြီးခေါ်လာတဲ့ ခွေးလေးပါ။ သူ့သခင်က စာခြောက်ရုပ်တွေနဲ့ သူ့ကို မှတ်တမ်းတင်ပါတယ်။


ပို့စ်ပေးနေပုံက တကယ်ကိုချစ်စရာကြီးပါ




Comments