မိအဲစီရင်စု 三重県
မိအဲစီရင်စု (Mie Prefecture)ဟာ ဂျပန်နိုင်ငံရဲ့ စီရင်စု(၄၇)ခုထဲက တစ်ခုဖြစ်ပြီး အဓိကကျွန်းမကြီးဟွန်းရှူးရဲ့ ခန်းစိုင်ဒေသမှာ ပါဝင်ပါတယ်။ စီရင်စုကို အလယ်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းလို့ (၅)ပိုင်း ပိုင်းခြားနိုင်ပြီး စီရင်စုမြို့တော်ဖြစ်တဲ့ 'ဆု' (Tsu City)ကတော့ အလယ်ပိုင်းမှာရှိပါတယ်။
မိအဲစီရင်စုဟာ မဲဂျိပြုပြင်ပြောင်းလဲရေးခေတ်မှာ ရှေးကခရိုင်တွေဖြစ်တဲ့ အီဂခရိုင်၊ အီစဲခရိုင်၊ ရှီမခရိုင်နဲ့ ခိအိခရိုင်အရှေ့ပိုင်းတို့ကို့ ပေါင်းစပ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စီရင်စုရဲ့ အထိမ်းအမှတ်သင်္ကေတတွေကတော့ ဟာနရှေားဘူပန်း (Japanese iris, Iris ensata var. ensata)၊ ဂျင်းဂူးစုဂိ ထင်းရှူးပင် (Japanese cedar, Cryptomeria japonica)၊ ရှိရိုချိငှက် (Kentish plover, Charadrius alexandrinus)၊ ခမိုးရှိကတောဆိတ် (Japanese serow, Capricornis crispus) နဲ့ အီစဲကျောက်ပုစွန် (Japanese spiny lobster, Panulirus japonicus) တို့ပဲဖြစ်ကြပါတယ်။
ဂျင်းဂူးစုဂိ (神宮杉)ထင်းရှူးပင်ကတော့ အီစဲနတ်ကွန်းစတဲ့ နတ်ကွန်းကြီးများမှာ တွေ့ရလေ့ရှိတဲ့ သက်တမ်းရင့်ထင်းရှူးပင်ကြီးတွေဖြစ်ပြီး အမြင့်ပေ (၂၀၀)ကျော်၊ ပင်စည်အချင်း (၁၀)ပေကျော်အထိရှိနိုင်ပါတယ်။
ခမိုးရှိကတောဆိတ်(カモシカ)ကတော့ တောင်တက်ကျွမ်းပြီး မိအဲစီရင်စုမြောက်ပိုင်း ဂေါ့ဇိုင်းရှော့တောင် (御在所)လို တောင်မြင့်မြင့်တွေပေါ်မှာ နေထိုင်ကျက်စားကြပါတယ်။
(source:https://ja.wikipedia.org/wiki/%E3%82%AB%E3%83%A2%E3%82%B7%E3%82%AB#/media/%E3%83%95%E3%82%A1%E3%82%A4%E3%83%AB:Lightmat
(source:https://ja.wikipedia.org/wiki/%E3%82%AB%E3%83%A2%E3%82%B7%E3%82%AB#/media/%E3%83%95%E3%82%A1%E3%82%A4%E3%83%AB:Lightmat
အီစဲကျောက်ပုစွန်(伊勢海老)ဟာ အကင် အပြုတ် အစိမ်းလိုက်စသည်ဖြင့် ဂျပန်လူမျိုးတွေ မက်မက်မောမော စားကြတဲ့ ဈေးကြီးဟင်းလျာတစ်ခုပါ။ ရှီမမြို့ ဟာမဂျိမမှာ နှစ်စဉ်ကျောက်ပုစွန်ပွဲတော်ကျင်းပပြီး ကျောက်ပုစွန်အထွက်တိုးအောင်ဆုတောင်းရင်း ကလေးမလေးများက ကျောက်ပုစွန်တွေကို ပင်လယ်ထဲကို လွှတ်ပေးကြပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/miememories တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)
Comments
Post a Comment