'အူမဲ့'မက်မန်း
မြန်မာပြည်က လူတွေအတွက်ကတော့ အူမဲ့ဆိုတဲ့ ဂျပန်နာမည်ထက်စာရင် မေဟွားဆိုတဲ့ တရုတ်နာမည်ကို ပိုပြီးရင်းနှီးမယ်ထင်ပါတယ်။ မက်မန်းမျိုးနွယ်ဝင် အပင်အမျိုးအစားဖြစ်ပြီး ၂လပိုင်းအကုန် ၃လပိုင်းအစ အအေးဓာတ်ကောင်းကောင်းမကုန်သေးတဲ့ အချိန်မှာ ပန်းပွင့်ပါတယ်။ ချယ်ရီပန်းနဲ့ ဆင်ဆင်တူသလိုရှိပေမယ့် အရောင်အသွေးပိုစုံပါတယ်။ ရနံ့ကလည်း မွှေးလွန်းလှပါတယ်။ ၆လပိုင်း ၇လပိုင်း မိုးကျပြီဆိုရင် အသီးတွေရင့်မှည့်ပါပြီ။ မက်မန်းသီးလိုပဲ ဝိုင်လုပ်သောက်လို့ရသလို အချဉ်တည်ပြီး ထမင်းနဲ့ တွဲဖက်စားတာတို့၊ သွားရည်စာမုန့်လုပ်တာတို့ အတွက်လည်း အသုံးချလို့ရပါတယ်။
ယူးကိနတ်ကွန်းက ဆုမြို့မှာရှိပါတယ်။ ယူးကိနတ်ကွန်းမှာ ကိုးကွယ်ထားတဲ့ ယူးကိ မူနဲ့ဟိရိုက ခိတဘာတာခဲ့မိသားစုလိုပဲ တောင်နန်းဖက်ကပါခဲ့တဲ့ ဘုရင့်ဘက်တော်သား စစ်သူကြီးတစ်ယောက်ပါ။
ယူးကိနတ်ကွန်းဟာ အူမဲ့ပန်းတွေရှိလို နာမည်ကျော်ပါတယ်။ အဖြူ၊ ပန်းရောင်ဖျော့၊ ပန်းရောင်ရင့်၊ အနီ အရောင်စုံရှိသလို အပေါ်ကိုထောင်ပွင့်တာနဲ့ အောက်ကိုတွဲလဲကျပွင့်တာနဲ့ ပုံစံကလည်း အမျိုးမျိုးပါပဲ။
ပန်းလေးတွေကို အနီးကပ်ကြည့်တဲ့ အခါမှာလည်း လှတာပါပဲ။
ပန်းတွေကြားမှာ ဝတ်ရည်လိုက်စုပ်နေတဲ့ ငှက်ကလေးတွေကို တွေ့နိုင်ပါတယ်။
Comments
Post a Comment