Begonia Garden


မီအဲစီရင်စုထဲမှာတည်ရှိတဲ့ နာဘနနော့စတို ရုက္ခဗေဒပန်းဥယျာဉ်ကြီးရဲ့နာမည်ပေးရာမှာ မီအဲစီရင်စုရဲ့ အထူးထွက်ကုန် နနော့ဟာနဟင်းရွက်များကို ရည်ညွှန်းပြီး ပေးခဲ့ခြင်းဖြစ်ပါတယ်။ ‘စတို’ဆိုတာမွေးရပ်မြေလို့ အဓိပ္ပာယ်ရပါတယ်။ နာဘနနော့စတိုဆိုတာ နနော့ဟာနဟင်းရွက်များရဲ့မွေးရပ်မြေလို့ ပြောနိုင်ပါတယ်။ နာဘနနော့စတိုကို ရောက်ခဲ့မယ်ဆိုရင် Begonia Gardenကို မဖြစ်မနေ ဝင်လည်သင့်ပါတယ်။ ဒီ Begonia Gardenဟာ ကမ္ဘာတဝှမ်းမှ ဘယ်ဂိုးနီးယားပန်းများပွင့်လန်းရာ ဂျပန်နိုင်ငံရဲ့အကြီးဆုံးမှန်လုံအိမ်ပဲဖြစ်ပါတယ်။ မှန်လုံအိမ်ထဲမှာစိုက်ပျိုးထားတဲ့ ဘယ်ဂိုးနီးယားပန်းများအပါအဝင် အပူပိုင်း‌ဒေသပန်းများရဲ့ အလှအပကို တဝကြီး ကြည့်ရှုခံစားနိုင်ပါတယ်။ ဒီ Begonia Gardenကိုဝင်ကြည့်ဖို့ သီးသန့်ဝင်ကြေးထပ်ပေးရပေမယ့် ပေးရတာတန်တယ်လို့ ကျိန်းသေခံစားရမှာပါ။












Comments