Nabana no Sato (なばなの里)

ဒီတစ်ခါတော့ မိအဲစီရင်စု၊ ခူဝါနမြို့မှာ ရှိတဲ့ ‘နာဘနနော့စတို’ရုက္ခဗေဒပန်းဥယျာဉ်ထဲက ပန်းများကို ရှုစားရအောင်ပါ။


Viola ပန်းများ


Aquilegia





ဆုဆုဂျိ (Azalea) များကို အရောင်စုံတွေ့ရမှာပါ











ကျူးလစ်ပန်းပွဲတော်အချိန်မှာ သွားရောက်ခဲ့တဲ့အတွက် ကျူးလစ်ပန်းများရဲ့အလှကို ခံစားနိုင်မှာပါ 


ညအလှ

နာဘနနော့စတို ပန်းဥယျာဉ်ကြီးဟာ နေ့ဖက်မှာသာ လှတာမဟုတ်ပါဘူး။ ညမှာလည်း LED မီးပေါင်း ၈ သန်းကျော်နဲ့ အလှဆင်ထားလို့ တမျိုးတိုးပြီး လှပြန်ပါတယ်။

(၃)လပိုင်းထဲမှာ လာလည်ခဲ့မယ် ဆိုရင်တော့ အူမဲ့ခေါ်တဲ့ မက်မန်းမျိုးနွယ်ဝင်ပန်းတွေရဲ့ အလှကို ခံစားနိုင်မှာပါ။ ချယ်ရီနဲ့ တူသလိုရှိပေမယ့် အရောင်အသွေးပိုစုံပြီး ချိုအီမွှေးပျံ့တဲ့ ရနံ့ရှိပါတယ်။

ဖူဂျီကျွန်းလို့ နာမည်ပေးထားတဲ့ အပေါ်ကိုတဖြည်းဖြည်း မြင့်တက်သွားတဲ့ စင်ပေါ်ကနေ ပတ်ဝန်းကျင်ရှုခင်းတွေကို အမြင့်ကနေ ခံစားနိုင်ပါတယ်။ အနားမှာ ချယ်ရီပင်တွေ အများကြီးပါပဲ။

နာဘနနော့စတို ပန်းဥယျာဉ်မှာ စိုက်ထားတဲ့ ချယ်ရီပင်တွေက ခဝဇုချယ်ရီအမျိုးအစားပါ။ တခြား ဂျပန်ချယ်ရီတွေထက် ပန်းရောင်ပိုသန်းသလို ပွင့်နေကျ ၄ လပိုင်းထက်စောပြီး ၃ လပိုင်းထဲမှာ ပွင့်ကြပါတယ်။

မှန်တစ်ချပ်လို ကြည်လင်ငြိမ်သက်တဲ့ ရေမျက်နှာပြင်ရှိလို့ မှန်ရေကန်လို့ခေါ်တဲ့ နေရာလေးပါ။ ဆိုင်းဘုတ်ကစာကိုတောင် ရေကန်ထဲမှာဖတ်မှ အတည့်မြင်ရအောင် ဇောက်ထိုးရေးထားပါတယ်။

LED မီးတွေနဲ့ လိုဏ်ခေါင်းလို ဖန်တီးထားတာ တွေ့ရပါတယ်။



Comments