ခိုင်းရကုပန်းခြံဟာ ဆုဘူတာရုံရဲ့ အနောက်ဘက်မှာရှိပါတယ်။ သက်တမ်းအနှစ် ၄၀၀ နီးပါးရှိပြီလို့ ဆိုပါတယ်။ ပန်းခြံထဲမှာ ရာသီအလိုက် အထူးသဖြင့် နွေဦးရာသီမှာ ဖူးပွင့်ကြတဲ့ ပန်းပေါင်းစုံနဲ့ သာယာတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။
ခိုင်းရကုပန်းခြံရဲ့ အစည်ကားဆုံး အချိန်ကတော့ ချယ်ရီပန်းပွင့်တဲ့ (၄)လပိုင်းအစလောက်မှာပါ။ ပန်းခြံရဲ့အလယ်မှာရှိတဲ့ ရေကန်နဲ့ တံတားနီနီလေးရယ်၊ ရေကန်ပတ်ပတ်လည်က ဖွေးဖွေးလှုပ်အောင် ပွင့်နေတဲ့ ချယ်ရီပင်တွေဟာ လှပတဲ့မြင်ကွင်းတစ်ခုပါ။ ချယ်ရီပင်တွေရဲ့အောက်မှာ ပန်းအလှကို ခံစားရင်း ပျော်ပွဲစားထွက် ဝိုင်းဖွဲ့စားသောက်ကြတာ ဂျပန်လူမျိုးတွေရဲ့ ဓလေ့ပါ။
ဆုမြို့အထိမ်းအမှတ်ပန်းဖြစ်တဲ့ ဆုဆုဂျိဇလပ်ပန်းတွေကလည်း ခိုင်းရကုပန်းခြံရဲ့ အလှကို ထပ်ပြီးဖြည့်ဆည်းပေးနေသေးပါတယ်။
ဆုဘကိပန်းတွေကလည်း နှင်းဆီပွင့်ကြီးတွေအလား အပင်ထက်မှာ ဝေနေပါတယ်။
အမည်မသိရတဲ့ ပန်းလေးရဲ့ အလှပါ။
ပန်းခြံထဲမှာ ဝါးရုံတောလေးလည်း ရှိပါတယ်။
(ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/miememories)
Comments
Post a Comment