ဂျပန်အိုင်းရစ်ပန်း (Japanese Iris)

ဟာနရှေားဘူ

ဂျပန်နိုင်ငံရဲ့နွေရာသီ မေလနဲ့ဇွန်လဟာ ဂျပန်အိုင်းရစ်ပန်းများ ပွင့်ကြတဲ့ရာသီဖြစ်ပါတယ်။ ဂရိစကားအရ ‘သက်တန့်’လို့ ဆိုလိုပြီး ဂရိဒဏ္ဍာရီမှာတော့ ‘သက်တန့်နတ်ဘုရားမ’ကို ကိုယ်စားပြုပါတယ်။ အိုင်းရစ်ရောင်ဆိုလျှင် အများအားဖြင့် ခရမ်းပြာရောင်၊ ခရမ်းရောင်တို့ကို ရည်ညွှန်းပါတယ်။ မြန်မာနိုင်ငံမှာ တွေ့နိုင်တဲ့ သစ္စာပန်းဟာလည်း အိုင်းရစ်မျိုးနွယ်ဝင်ပါပဲ။ အိုင်းရစ်မျိုးစိတ်ပေါင်း(၃၀၀)အထိများပြားပေမယ့် ဂျပန်အိုင်းရစ်ဆိုတာ ဟာနရှေားဘူ (Iris ensata)၊ ခါကိစုဘတ (Iris laevigata)၊ အာယမဲ့ (Iris sanguinea) အမျိုးအစားသုံးမျိုးကို ပြောတာဖြစ်ပါတယ်။ ဂျပန်အိုင်းရစ်ပန်းသုံးမျိုးလုံးဟာ အလွန်ဆင်တူနေတဲ့အတွက် လွယ်လင့်တကူခွဲခြားနိုင်ဖို့ ခက်ခဲတာအမှန်ပါ။ အာယမဲ့က ခြောက်သွေ့တဲ့မြေနေရာမှာ ပွင့်ပါတယ်။ ခါကိစုဘတက ရေစပ်၊ ရေရှိတဲ့နေရာတွေမှာ ပေါက်ပါတယ်။ ဟာနရှေားဘူကတော့ ရေစပ် (သို့) ရေမရှိတဲ့မြေကြီး နေရာနှစ်မျိုးလုံးမှာ ဖြစ်ထွန်းပါတယ်။

ဂျပန်အိုင်းရစ်ပန်းသုံးမျိုးကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။

အိုင်းရစ်အမျိုးအစား

ပေါက်ရောက်သည့်မြေ

အပင်အမြင့်

ပွင့်ဖတ်အရွယ်အစား

ဟာနရှေားဘူ

ရေစပ်/ ခြောက်သွေ့မြေ

မြင့် (၈၀-၁၀၀ စင်တီ)

ကြီး

ခါကိစုဘတ

ရေစပ်

အလယ်အလတ် (၅၀-၇၀ စင်တီ)

အလယ်အလတ်

အာယမဲ့  

ခြောက်သွေ့မြေ

နိမ့် (၃၀-၅၀ စင်တီ)

သေး


ဟာနရှေားဘူဟာ ခရမ်း၊ အဝါ၊ အဖြူ၊ အရောင်စပ် စတဲ့ပန်းပွင့်အရောင်စုံအမျိူးစုံရှိပေမယ့် ပွင့်ဖတ်အခြေမှာ အဝါရောင်မျက်ဆန်ပါပါတယ်။ အရောင်အသွေးမစုံလင်ပေမယ့် ပွင့်ဖတ်အခြေမှာ အဖြူရောင်မျက်ဆန်ပါတာက ခါကိစုဘတကရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ အာယမဲ့ကတော့ ပန်းပွင့်အရောင်မစုံလင်သော်လည်း ပွင့်ဖတ်အရင်းမှာ အကွက်ဆင်ပါပါတယ်။ ဒါကြောင့် ပွင့်ဖတ်အရင်းကို သေချာကြည့်ရင်တော့ ဂျပန်အိုင်းရစ်ပန်းများကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ 

အာယမဲ့

ခါကိစုဘတ (ဝီကီပီးဒီးယားမှ)




ဂျပန်တွေရဲ့ထုံးစံအတိုင်း အိုင်းရစ်ပန်းများကို အရောင်အသွေးစုံ၊ အမျိုးအစားစုံ ပန်းဥယျာဉ်ထဲမှာ သေချာစိုက်ပျိုးထားပြီး နွေရာသီမှာ အိုင်းရစ်ပန်းပွဲတော်ပြုလုပ်ပါတယ်။ 

ကိုးကား

(ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/miememories)


Comments