မိတ်ဆက်စကား
ဂျပန်နိုင်ငံ၊ မိအဲစီရင်စု (Mie Prefecture)၊ ‘ဆု’မြို့လေး (Tsu City)မှာ နေထိုင်ပညာသင်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း အမှတ်တရများ၊ ခရီးသွားအတွေ့အကြုံများ၊ ဂျပန်နိုင်ငံသားတို့ရဲ့လူမှုဘဝနှင့် ယဉ်ကျေးမှုများကို ဒီဘလော့လေးမှာ ရေးသားဖော်ပြသွားမှာဖြစ်ပါတယ် ... မိအဲစီရင်စုဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းမကြီး ဟွန်းရှူး (Honshu)ပေါ်မှာ တည်ရှိပြီး မြို့တော် ‘ဆု’ကတော့ စီရင်စုရဲ့အလယ်ပိုင်းမှာ ရှိပါတယ် ... ဂျပန်နိုင်ငံနဲ့ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူများအတွက် ဗဟုသုတတစ်စုံတစ်ရာပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်... ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှစ်လုံးအေးချမ်းကြပါစေလို့ ဆန္ဒပြုလျက် ... ![]() |
မိအဲစီရင်စုရဲ့အကြီးဆုံးတက္ကသိုလ် မိအဲတက္ကသိုလ်ကျောင်းပရဝုဏ် (Mie University Campus) |
Comments
Post a Comment